Skip to main content

ပြိုင်ကားလား၊ ဟတ်စကီးလား Part 4






 

ဦးသူတော်တစ်ယောက် မွေ့ယာအထူကြီးပေါ်မှာ ဝက်မှိန်းမှိန်းနေရာကနေ ကမန်းကတန်းထပြီး အဝတ်တွေ ပြန်ကောက်ဝတ်သည်။


''ပြန်ရအောင် ကလေးလေး....။'' ဦးသူတော် သီရိအနားတိုးကပ်လာရင်း သီရိနို့လေးတစ်လုံးကို ညှစ်ရင်းပြောသည်။

သီရိ တဏှာရူးကြီးသူတော်ရဲ့ လက်ကို ပုတ်ထုတ်လိုက်ပြီး အဝတ်တွေကောက်ဝတ်ဖို့ ပြင်သည်။

သီရိ ရဲ့ ဘော်လီလေးက ဂျိတ်တွေပြုတ်ထွက်သွားပြီး ဝတ်လို့မရတော့။

ရှပ်အကျင်္ ီ အဖြူလေးကလည်း ကြယ်သီးတွေပြုတ်ထွက်သွားတာကြောင့် ရင်ဘတ်ဟောင်းလောင်းဖြစ်နေပြီ။

သီရိအဖြစ်ကို ဦးသူတော်မြင်တော့ ဘီဒိုထဲက သူဌေးရဲ့ ရှပ်အကျင်္ ီတစ်ထည်ကို ထုတ်ပေးသည်။

သီရိ သူဌေးရဲ့ ရှပ်အကျီကို ဝတ်လိုက်ပြီး ကုတင်အောက်ပြုတ်ကျနေတဲ့ အတွင်းခံဘောင်းဘီနဲ့ စကပ်လေးကို ပြန်ကောက်ဝတ်လိုက်သည်။

''ဟူး..... ။ စကပ်ချွတ်တာမြန်ပေလို့ပဲ နို့မို့ဆို ပုုဆိုးနဲ့ပြန်ရလောက်တယ်။''

သီရိတစ်ယောက်ထဲခပ်တိုးတိုးညည်းရင်း အနားမှာတွေ့တဲ့ အိတ်တစ်လုံးနဲ့ ကြယ်သီးပြုတ်နေတဲ့ အကျီနဲ့ ဘော်လီလေးကို ခေါက်ထည့်လိုက်သည်။

''လာ.... သွားမယ်ကလေးလေး....။'' ဦးသူတော်သီရိလက်တစ်ဖက်ကို ဆွဲခေါ်ပြီး ကားရှိရာကိုပြန်လာခဲ့လိုက်သည်။

သူဌေးရဲ့ အိမ်အောက်ထပ်က လူမိုက်နှစ်ယောက်ကသီရိဆင်းလာတာမြင်တော့ သီရိရဲ့ ရင်သားတွေကိုစိုက်ကြည့်နေကြသည်။

သီရိဝတ်ထားတဲ့ သူဌေးရဲ့ ရှပ်အကျီက ခပ်ပါးပါးမို့ ရှပ်အကျီအောက်မှာ သီရိရင်သားအစုံက ထင်းကနဲပေါ်နေမှာသေချာသည်။

သီရိရှက်စိတ်ကြောင့် မျက်နှာလေးနီရဲပြီး ခေါင်းကိုငုံ့ကာ ကားထဲကိုခပ်သွက်သွက်ဝင်ထိုင်လိုက်သည်။

''အိမ်ကိုပဲတန်းပြန်မှာမဟုတ်လား ကလေးလေး။ အိမ်လိပ်စာပြောပြ...။''

အိမ်ကိုတန်းမပြန်လို့ ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် အလုပ်လုပ်ရမှာလဲ...။

ဦးသူတော်အမေးကြောင့် သီရိစိတ်ပေါက်ပေါက်နဲ့ပြန်ပြောလိုက်ချင်သော်လည်း စိတ်ကိုလျော့ကာ အိမ်လိပ်စာပြောပြလိုက်သည်။

သီရိနေတဲ့ ရပ်ကွက်က တိုးချဲ့ကွက်သစ်ဆိုတော့ လမ်းတွေက ကျဉ်းလွန်းလှသည်။

ဦးသူတော်ကို သီရိအိမ်ရှေ့ထိလိုက်မပို့ခိုင်းချင်တာနဲ့အတော်ပဲဖြစ်သွားသည်။

ကားပေါ်ကဆင်းကာနီး....
''သီရိလေး ။ မနက်ဖြန်မနက်စောစောထလာပြီး ဦးရုံးခန်းထဲလာခဲ့နော်။ ဒီနေ့တွေ့ရတာမဝသေးဘူး။ နောက်နေ့အားရပါးရချစ်ချင်သေးတယ်။''

သီရိ ဦးသူတော်ပြောတာကို ဘာမှပြန်မပြောပဲ လှည့်ထွက်လာခဲ့လိုက်သည်။

သီရိ လမ်းထိပ်ကနေပဲ အိမ်ကိုလမ်းလျှောက်ပြန်လာခဲ့သည်။

လမ်းလျောက်ရင်း ဦးသူတော်ပြန်ခါနီးပြောသွားတဲ့ စကားတစ်ခွန်းကို ပြန်စဉ်းစားမိသည်။

ဒီလိုသာဆက်ပြီးသွားရင် ငါလည်း မကောင်းတဲ့မိန်းမလုံးလုံးဖြစ်တော့မယ်။

လက်ထဲမှာလည်း သူဌေးပေးသွားတဲ့ ပိုက်ဆံသိန်းနှစ်ဆယ်ရှိသည်။

သီရိတို့လို ဆင်းရဲသူဆင်းရဲသားအတွက်ကတော့ ပိုက်ဆံသိန်းနှစ်ဆယ်သည်

အရင်းအနှီးအများကြီးလုပ်လို့ရသည်။

''တော်ပြီ......။ ငါဓာတ်ဆီဆိုင်ကနေအလုပ်ထွက်လိုက်တော့မယ်။''

ဆုံးဖြတ်ချက်သေသေချာချာချလိုက်တော့မှပဲ လေးလံနေတဲ့သီရိရဲ့စိတ်တွေပေါ့ပါးသွားတော့သည်။

မျှော်လင့်ချက်တွေနဲ့ သီရိရဲ့ အိမ်အပြန်ခြေလှမ်းတို့က သွက်လက်နေသည်။

ပေါင်နှစ်လုံးကြားက နာကျင်ကျိန်းစပ်မှုကြောင့် အနည်းငယ်ကွတတ ဖြစ်နေတာကို လူမမြင်အောင်ထိန်းလျှောက်ရတာတစ်ခုပဲရှိသည်။

အိမ်ရှေ့ရောက်တော့ဘယ်သူမှမရှိလို့တော်သေးသည်။

တစ်ယောက်ယောက်ရှိနေရင် သီရိမူမမှန်တာကို သိသွားလောက်သည်။

သီရိအဝတ်အစားလဲပြီး သူဌေးရဲ့ ရှပ်အကျီကို အိမ်နောက်ဖေးမှာ မြေမြုပ်လိုက်သည်။

အညံ့အဆိုးတွေ တစ်ခါထဲ ပျောက်ပါစေလို့ လည်း ဆုတောင်းလိုက်သည်။

သူဌေးပေးလိုက်တဲ့ ပိုက်ဆံသိန်းနှစ်ဆယ်ကိုတော့ အမေတွေ့သွားမှာစိုးလို့ သီရီအကျီသေတ္တာအောက်မှာဖွက်ထားလိုက်သည်။

သီရိ ရေမိုးချိုးပြီး အိမ်ထဲပြန်ရောက်တော့ သူဌေးဆုတ်ဖြဲလို့ ကြယ်သီးပြုတ်သွားတဲ့
အကျီလေးနဲ့ ဘော်လီလေးကိုပြန်ပြီး ချုပ်နေမိသည်။

အဝတ်ချုပ်ရင်း အိမ်ပေါ်တက်လာတဲ့ အသံကြားလို့ အခန်းအပြင်ထွက်ကြည့်လိုက်တော့
အပြင်ကပြန်လာတဲ့ သီရိအမေ ..........။

''အမေ....။ ဘယ်ကပြန်လာတာလဲ။ အဝတ်အစားမှာလည်း ရေတွေစိုလို့....။''

''ဟို..... ဟို.... ဒီလိုပါပဲ သမီးရယ်။ အမေ ဟိုနားဒီနားလျောက်သွားတာပါ။''

''ဟိုနားဒီနားသွားရင်ရေစိုပါ့မလားအမေရယ်။ မှန်မှန်ပြော...။''

''အမေသူများအိမ်မှာအဝတ်တွေသွားလျှော်ပြန်ပြီမဟုတ်လား။''

''အမေ့ကျန်းမာရေးကလည်းကောင်းတာမဟုတ်ဘူး။
ပန်းနာရင်ကြပ်ရှိတာလည်းသိရဲ့သားနဲ့ အအေးမခံပါနဲ့ဆိုမှ။''

''အို.... သမီးရယ်။ အမေနေကောင်းပါတယ်။ အပိုဝင်ငွေလေးရအောင်လို့ ခဏတစ်ဖြုတ်ပါ။''

သီရိ .... မိခင်ကြီးကို စိုက်ကြည့်ရင်း မျက်ရည်တွေစီးကျလာခဲ့သည်။

မိခင်ကြီးက အခုမှအသက်လေးဆယ်ကျော်ပဲရှိသေးသည်။

အရွယ်နဲ့မလိုက်အောင် ဆင်းရဲခြင်းဒဏ်တွေကို ခံစားခဲ့ရလို့ လူက အဖွားကြီးအိုလေးနှယ်ဖြစ်နေသည်။

အဖေမသေခင်က တစ်ဖွဖွပြောခဲ့သလို သမီးတို့အမေက အရမ်းချောတာဆိုတာကိုပြန်ကြားယောင်မိသည်။

အမေ့ရဲ့ ချောမောတာတွေဘယ်ရောက်ကုန်ပြီလဲအမေရယ်။

သီရိ အခန်းထဲကိုပြန်ပြီး သေတ္တာထဲက ပိုက်ဆံတစ်သိန်း ထုတ်ပြီးအပြင်ထွက်လာခဲ့သည်။

''အမေရော့ .....။ ဒီပိုက်ဆံနဲ့ အမေဈေးဖိုးလုပ်နော်။ နောက်ဆိုပင်ပင်ပန်းပန်းတွေမလုပ်နဲ့တော့။''

သီရိကမ်းပေးတဲ့ပိုက်ဆံကို မယူသေးပဲ သီရိကို မယုံသင်္ကာနဲ့ကြည့်သည်။

သမီး ဒီပိုက်ဆံတွေဘယ်ကရလာတာလဲ။ မဟုတ်တဲ့အလုပ်တွေမလုပ်နဲ့နော်။

အမေတို့ဆင်းရဲတယ်ဆိုပေမဲ့ အမေ့အသက်သေချင်သေသွားပစေ။

ငါ့သမီးကိုတော့ မငတ်အောင်အမေရှာကျွေးနိုင်တယ်။

''အမေရယ်....။'' သီရိ ဘာမှမပြောပဲ မိခင်ကြီးကို အတန်ကြာစိုက်ကြည့်နေမိသည်။

တအောင့်လောက်ကြာမှ စီးကျနေတဲ့မျက်ရည်စက်တွေကို လက်နဲ့ အသာသုတ်ရင်း...

''အမေ.... ဒါက သမီး ဓာတ်ဆီဆိုင်ကနေအလုပ်ထွက်ခဲ့လို့ရတဲ့ နစ်နာကြေးပါအမေရဲ့။

ဓာတ်ဆီဆိုင်က ပိုင်ရှင်အသစ်ကို လွဲပေးမယ်ဆိုပြီး သမီးတို့အလုပ်သမားတစ်ယောက်စီကို

နစ်နာကြေးပေးပြီး အလုပ်ထွက်ခိုင်းလိုက်တယ်လေ။

နောက်လာမဲ့ပိုင်ရှင်အသစ်က သူ့ကုမ္ပဏီက ဝန်ထမ်းတွေပါလာမှာဆိုတော့

သမီးတို့ကို မလိုဘူးလေ။ အဲဒါကြောင့်ပါ။''

သီရိ .... မိခင်ကြီးဖြစ်သူယုံကြည်လာအောင် အတန်ကြာလှည့်ပတ်ပြီးပြောတော့မှ

သီရိလက်ထဲက ပိုက်ဆံတစ်သိန်းကိုယူသည်။

''ဒီပိုက်ဆံနဲ့ အမေဆေးကုနော်။ သမီးက နောက်အလုပ်ထပ်ရှာလို့ရရင် ဘာမှပူစရာမလိုဘူးသိလား။''

''အေးပါသမီးရယ်။ အမေလည်းနေကောင်းမှ အလုပ်လုပ်နိုင်မှာ။ အမေဆေးကုပါ့မယ်။''

သီရိ ဆီဆိုင်ကထွက်ပြီး သုံးရက်လောက်မိခင်ဖြစ်သူကို ဆေးခန်းလိုက်ပြပေးပြီး ၊ အိမ်မှာပဲနေဖြစ်သည်။

တစ်ရက် မြို့ထဲသွားရင်း အမျိုးသမီးအရောင်းဝန်ထမ်းအလိုရှိသည်ဆိုတဲ့ ကြော်ငြာလေးတစ်ခု

ကပ်ထားတာတွေ့တော့ ဝင်စုံစမ်းကြည့်သည်။

အလုပ်က ညနေငါးနာရီကနေ ညရှစ်နာရီအထိလုပ်ရမည်။ အဝတ်အစားပေးမည်။

ကားနဲ့ အကြိုအပို့လုပ်ပေးမည်လို့လည်းသိရသည်။

သီရိလုပ်ရမဲ့အလုပ်က အရောင်းမြင့်တင်ရေး..။

အရက်ဆိုင်တွေမှာ အရက်ကုမ္ပဏီဝတ်စုံဝတ်ပြီး စားပွဲလေးတစ်လုံးပေါ်မှာ

အရက်ပုလင်းလေးတွေဘေးနားမှာချပြီး မတ်တပ်ရပ်ပေးနေရုံပဲ။

ဆိုင်ထဲဝင်လာတဲ့သူတွေကို သီရိရောင်းတဲ့ တံဆိပ် မှာ မလားမေးရုံပဲ။

( ကိုဂျင်ရေးတဲ့ ဝင်ကစွပ်ထဲက ကြည်မာ ကိုမြင်ယောင်ကြည့်ပါရန်....ဝင်ကစွပ် စာမျက်နှာ ၃၄၉ကိုရှု)

လစာကိုမေးကြည့်တော့ တစ်လ တစ်သိန်းလောက်ရမယ်လို့ပြောသည်။

ပြီးတော့ ကိုယ်ကပိုပြီးရောင်းရလို့ amount ပြည့်ရင် အပိုဆုကြေးလည်းပိုရမည်။

အလုပ်ချိန်ကလည်း ညနေပိုင်းမှဆိုတော့ နေ့ခင်းဘက်တစ်ခုခုလုပ်လို့ရမည်။

အရက်ကုမ္ပဏီဆိုပေမဲ့ ရုံးခွဲမို့လို့ ယောက်ျားလေးနည်းပြီး မိန်းကလေးတွေပိုများသည်။

သီရိစုံစမ်းတဲ့ စာရေးမကောင်မလေးက အထဲဝင်ပြီး မန်နေဂျာနဲ့ ဝင်တွေ့လိုက်ပါဆိုတော့ မန်နေဂျာနဲ့ဝင်တွေ့ရသည်။

မန်နေဂျာက သီရိထင်ထားသလို ယောက်ျားလေးမဟုတ်ပဲ အမျိုးသမီးဖြစ်သည်။

မန်နေဂျာမမက သီရိကိုတစ်ချက်ကြည့်ရင်း ပြုံးသည်။

'' ညီမလေး ရုပ်ရည်နဲ့ဆိုရင် ပိုတောင်ပိုပါသေးတယ်ကွယ်။ မနက်ဖြန်ကနေစပြီးအလုပ်စဆင်းပေါ့။

ညီမလေးအိမ်လိပ်စာပေးထား။ မနက်ဖြန်ညနေလေးနာရီခွဲလောက် ကုမ္ပဏီကကားနဲ့ လာကြိုလိမ့်မယ်။

ရှေ့က ကောင်မလေးဆီကနေ အဝတ်အစားသုံးစုံထုတ်သွား...။ ဟုတ်ပြီလား။''

သီရိ ရုံးစာရေးမလေးဆီကနေ အကျီအဝတ်အစားသုံးစုံထုတ်ပြီး အိမ်ပြန်လာခဲ့သည်။

သီရိ အိမ်အပြန်လမ်းမှာတော့ အပြုံးလေးတွေပါတွဲလွဲခိုနေသည်။ သူမအလုပ်ရတော့မယ်မဟုတ်ပါလား။

သီရိ သူမအမေကို အလုပ်ရကြောင်းပြောတော့ အရက်အရောင်းမြှင့်တင်ရေးဆိုတော့ အဆင်ပြေပါ့မလားပြောသည်။

သူမကလည်း အိမ်ကိုအပို့အကြိုလာလုပ်ပေးမှာဖြစ်ကြောင်း ၊ ဘာမှစိတ်ပူစရာမရှိကြောင်း တော်တော်လေးရှင်းပြလိုက်ရသည်။

သီရိ အလုပ်လုပ်တာ ဆယ့်ငါးရက်လောက်ရှိပြီ။

အလုပ်က ညနေပိုင်းမှလုပ်ရတာမို့ တစ်နေကုန် မိခင်ကြီးနားမှာနေပြီး အိမ်အလုပ်တွေလုပ်ကိုင်ပေးလို့ရသည်။

သီရိ ဆီဆိုင်ပိုင်ရှင်သူဌေးဆီကနေ သွေးနဲ့ချွေးနဲ့ရင်းပြီးရလာတဲ့ပိုက်ဆံ ဆယ့်ကိုးသိန်းလောက်ရှိသေးသည်။

ဒီပိုက်ဆံတွေကိုမိခင်ကြီးယူအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲမသိဘူး။

အိမ်ဈေးဖိုးလေးလည်းရအောင် ကုန်စုံရောင်းတဲ့ အိမ်ဆိုင်လေးတစ်ဆိုင်လောက်ထောင်ချင်သည်။

သီရိ ခေါင်းထဲမှာ အကြံတစ်ခုပေါ်လာသည်။

''ဟုတ်ပြီ....။ ဒီလိုပဲလုပ်ရမယ်။''

လကုန်ပြီး တစ်ရက်နေ့........။ အောင်ဘာလေထီ ဖွင့်တဲ့နေ့။

သီရိ အလုပ်လုပ်တဲ့ ဆိုင်က မျက်မှန်းတန်းမိနေပြီးသား အကူကောင်လေးတစ်ယောက်ကို

သီရိဆယ့်ငါးသိန်းဆုပေါက်တယ်ဆိုပြီး လာအကြောင်းကြားခိုင်းသည်။

ထီလက်မှတ်ရှိလားဆိုတော့ သီရိက အသင့်ဆောင်ထားတဲ့ထီလက်မှတ်တစ်စောင်ကို

ထုတ်ပြပြီး ဆုငွေထုတ်သလိုလိုနဲ့ အပြင်ကိုလိုက်လာခဲ့သည်။

သီရိကိုင်သွားတဲ့ အိတ်ထဲမှာ တစ်သောင်းတန် ဆယ်ငါးသိန်းအုပ်ကပါသွားပြီးသား......။

ရိုးသားတဲ့ သီရိရဲ့ မိခင်ကြီးကတော့ ဘာမှမသိလိုက်....။ သမီးလေးကံကောင်းလိုက်တာဆိုပြီး ပျော်နေသည်။

သီရိလည်း ငွေကို အရင်းအနှီးမပျောက်အောင်ဆိုပြီး ဆိုင်ရှေ့မှာ အဖီလေးထိုးပြီးကုန်စုံဆိုင်လေးဖွင့်လိုက်သည်။

မနက်ပိုင်းကနေ ညနေပိုင်းအထိ သီရိ ဈေးဆိုင်ထိုင်သလို သီရိအလုပ်သွားတဲ့အချိန်မှာလည်း

အမေနဲ့မောင်လေးက တစ်လှည့်စီရောင်းကြသည်။

သူတို့ရပ်ကွက်လေးထဲမှာ ဈေးဆိုင်ကလည်းသိပ်မရှိတာရော၊ သီရိကလည်းအပြောအဆိုချိုသာပြီး ဈေးဝယ်တွေကို

ရည်ရည်မွန်မွန်ဆက်ဆံတာကြောင့် သီရိရဲ့ ဈေးဆိုင်လေးလည်း အတော်လေးအဆင်ပြေသည်ဟုပြောရမည်။

ဒီလိုနဲ့ ခြောက်လလောက်ကြာတော့ မိခင်ဖြစ်သူက သီရိကိုခေါ်ပြီးမေးသည်။

''သမီး......။ သမီးဆီမှာ ချစ်သူမရှိသေးဘူးလား။''

''အို....။ အမေကလဲ '' သီရိ ရှက်သလိုနဲ့ မျက်နှာလေးငုံ့သွားမိသည်။

မျက်လုံးထဲမှာလည်း အမြဲတန်း စိတ်ထဲမှာ တိတ်တခိုးစွဲလမ်းခဲ့ရတဲ့ ကိုကြီးရဲ့မျက်နှာချောချောကပေါ်လာသည်။

ကိုကြီး...........။ သီရိ အခုအချိန်ထိ ဘယ်ယောက်ျားလေးကိုမှ မကြိုက်ခဲ့ပဲ ကိုကြီးတစ်ယောက်ထဲကိုပဲစွဲလမ်းခဲ့သည်။

ကိုကြီးနဲ့ စတွေ့ခဲ့တဲ့ အချိန်ကို ပြန်ပြီးသတိရမိသည်။

သီရိဆယ်တန်းတက်တုန်းကပေါ့။ ကျောင်းမုန့်စားဆင်းချိန် ကျောင်းရှေ့မှာ လှည်းလေးနဲ့ ရောင်းတဲ့ရေခဲခြစ်သည်ကြီးရှိသည်။

သီရိ ရေခဲခြစ်သွားဝယ်တဲ့အချိန်က ကျောင်းတက်ခါနီးမို့ ကျောင်းရှေ့မှာလူရှင်းနေသည်။

ရေခဲခြစ်သည်ကြီးဆီမှာလည်းဝယ်တဲ့လူ သုံးလေးယောက်လောက်ရှိသည်။

သီရိလည်းရေခဲသုတ်ရောင်းတဲ့ ဦးလေးကြီးရေခဲတွေကို ခြစ်နဲ့ ချစ်နေတာကို ဘာမှမပြောပဲ ရပ်ကြည့်နေမိသည်။

သူမအလှည့်မှမရောက်သေးတာကို။ အဲဒီအချိန်မှာပဲ ပြိုင်ကားအနီလေးတစ်စီးက ရေခဲသုတ်ရောင်းတဲ့

လှည်းရဲ့ဘေးနားမှာလာရပ်ပြီး အရပ်မြင့်မြင့် ရုပ်ချောချောအကိုတစ်ယောက် ဆင်းလာပြီး

ဘာမှမပြောသေးပဲ ရေခဲသုတ်သည်ကြီးရေခဲတွေထိုင်ခြစ်တာကိုရပ်ကြည့်နေသည်။

အရင်လာဝယ်တဲ့သူတွေကို ငါးရာတန်၊ သုံးရာတန် ၊ တစ်ရာတန် အသီးသီး ရောင်းသည်။

ငါးရာတန်ရေခဲသုတ်က စပျစ်သီးခြောက်တွေလည်းပါသည်။

ဖရုံယို ၊ နာနတ်ယိုတွေလည်းပါသည်။ ပြီးတွေခွက်ကြီးကလည်းအကြီးကြီး။

တစ်ရာတန်ကတော့ ရေခဲပေါ်မှာ ဖျော်ရည်အရောင်နှစ်မျိုးလောက်ဆမ်းပေးပြီး

နို့ဆီကို ဇွန်းသေးသေးလေးနဲ့ တစ်ဇွန်းပဲဆမ်းပေးတာတွေ့သည်။

သီရိ ..... လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့ တစ်ရာတန်အနွမ်းလေးတစ်ရွက်ကို ငုံ့ကြည့်မိသည်။

''သမီးလေး ဘယ်လောက်တန်ယူမလဲ။'' ရေခဲသုတ်သည်ဦးလေးကြီးရဲ့ အမေးကြောင့်

သီရိ ကပျာကယာမော့ကြည့်ပြီး.... '' တစ်... တစ်ရာတန်ဦးလေး...။''

ရေခဲသုတ်သည်ဦးလေးကြီးကို တစ်ရာတန်အနွမ်းလေးတစ်ရွက်ကိုကမ်းပေးရင်းပြောလိုက်သည်။

အဲဒီအချိန်မှာပဲ ပြိုင်ကားနဲ့ကိုကြီးဆီက စကားသံကထွက်လာသည်။

'' ဦးလေး... ကျွန်တော့်ကို ရေခဲသုတ်ငါးရာတန်တစ်ခွက် ၊

ပြီးတော့ ဟိုကောင်မလေးကိုလည်း ငါးရာတန်ပဲလုပ်ပေးလိုက်ပါ။ ကျွန်တော်ပဲ ပေးပါ့မယ်။''

ပိုက်ဆံအိတ်ကိုဖွင့်ရင်း တစ်ထောင်တန်တစ်ရွက်ကို ထုတ်ပေးသည်။

''ရတယ်ဦးလေး ပြန်မအမ်းနဲ့တော့။ ဦးပဲယူထားလိုက်ပါ။''

ဈေးသည်ကြီးက ပထမလုပ်လို့ပြီးတဲ့ရေခြစ်ကို ပြိုင်ကားနဲ့ကိုကြီးကိုကမ်းပေးသည်။

အဲဒီအချိန်မှာပဲ.... ကျောင်းတက်ခေါင်းလောင်းသံကိုကြားရသည်။

ကိုကြီး ရေခဲသုတ်ကို စားမလို့လုပ်နေရာကနေ မစားတော့ပဲ သီရိဆီကို လှမ်းပေးသည်။

''ရော့...... ကလေးလေး...။ ကျောင်းတက်နေပြီ။ ဆရာမဆူနေလိမ့်မယ်သွားတော့။''

သီရိ ရေခဲခြစ်ခွက်လေးကိုကိုင်ရင်း ခန့်ညားပြီးမင်းသားတစ်ယောက်လိုချောနေတဲ့ကိုကြီးကို

ကျေးဇူးတင်တဲ့အကြည့်တွေ့နဲ့ တွေတွေလေးကြည့်နေမိသည်။

''သွားတော့....။ စာတွေအများကြီးသင်ခဲ့...။ ဟုတ်ပြီလားကလေးလေး။'' သီရိဆံပင်လေးတွေကို

ခပ်သာသာပွတ်ရင်းပြောသည်။ သီရိလည်း ရင်တွေတုန်လာတာနဲ့

ကျေးဇူးတင်စကားတောင်ကောင်းကောင်းမပြောနိုင်ပဲ အတန်းထဲကိုအပြေးတစ်ပိုင်းပြန်ပြေးဝင်ခဲ့သည်။

သီရိဘဝမှာ ကိုကြီးဝယ်ကျွေးတဲ့ရေခဲသုတ်က စားလို့အကောင်းဆုံးဖြစ်ခဲ့သည်။

နတ်သုဒ္ဓါနဲ့တောင်မလဲနိုင်လောက်အောင်ပဲ စိတ်ထဲမှာထင်မိသည်။

ဒီလိုနဲ့ သီရိဆယ်တန်းကို တစ်နှစ်ကျပြီး အိမ်ကဆက်မထားတော့တာနဲ့ ဆီဆိုင်မှာဝင်ပြီးအလုပ်လုပ်ခဲ့သည်။

တစ်ခါတစ်လေ သွားရင်းလာရင်းလမ်းမှာ ပြိုင်ကားအနီလေးနဲ့ကိုကြီးကိုတွေ့မိသည်။

ဆီဆိုင်မှာ ဆီထည့်ရင်း ကိုကြီးများဆီလာထည့်မလားဆိုပြီး မျှော်မိသေးသည်။

ကိုကြီးကသီရိတို့ ဆိုင်မှာဆီထည့်လေ့မရှိဘူးထင်သည်။

သီရိအလုပ်လုပ်တဲ့ တစ်နှစ်ခွဲလောက်မှာတစ်ခါမှ ကိုကြီးနဲ့မဆုံဖြစ်ခဲ့။

လမ်းမှာတော့ကိုကြီးကို ပြိုင်ကားလေးမောင်းမောင်းသွားတာမကြာခဏတွေ့ဖူးခဲ့သည်။

''သမီး.... ။ အမေမေးနေတယ်လေ။ ချစ်သူရှိနေပြီလားလို့...။''

မိခင်ဖြစ်သူရဲ့ စိတ်မရှည်သလို မေးသံကြောင့် သီရိရဲ့အတွေးတွေပြတ်တောက်သွားသည်။

''မ.... မရှိပါဘူး အမေ...။''

''အေး။ မရှိရင်လည်းပြီးတာပဲ။ သမီးအသက်လည်းမငယ်တော့ဘူး။

အိမ်မှာ အားကိုးအားထားယောက်ျားသားလိုတယ်ကွယ်။

မနေ့ကပဲ အမေ့သူငယ်ချင်းတစ်ယောက်က သူ့တူလေးတစ်ယောက် နဲ့ သမီးကို လက်ထပ်ပေးဖို့ လာပြီးပြောသွားတယ်။''

''အို.... အမေကလည်း။ ကိုယ်နဲ့သိတာမှမဟုတ်တာ။ လူဆိုးမှန်းမသိ ၊ လူကောင်းမှန်းမသိ။''

''ကောင်လေးကလူရိုးလေးပါသမီးရယ်။ အရက်မသောက်ဆေးလိပ်မသောက်ကွမ်းမစား၊

သူ့မိဘတွေကလည်းသေသွားပြီ။ မြို့ထဲက ဘဏ်မှာလုံခြုံရေးအစောင့်လုပ်နေတာ။''

''စိတ်ကူးမလွဲနဲ့သမီး။ ခုချိန်မှာ သမီးကို
လင်ကောင်းသားကောင်းနဲ့တင့်တင့်တယ်တယ်လေးအမေမြင်ချင်တယ်။'''

''ကြားလား။ အမေ...မနက်ဖြန် အမေ့သူငယ်ချင်းလာရင် သူစီစဉ်တဲ့အတိုင်း

သူ့တူနဲ့ သမီးကိုနေရာချထားပေးမယ်။ ဟုတ်ပြီလား။''

''ဟုတ်.... ဟုတ်ကဲ့ပါ အမေ။''


Popular posts from this blog

အိမ်ဖော်မလေး Part 1

 

ဗီဇ Part 1

  လှိုင်သာယာ တနေရာ ။ ရန်ကုန်မြို့ ။ ည၁ဝနာရီခွဲ ။ ဦးဘိုဘိုအောင်သည် ဖေါ့ဘူးနဲ့ထည့်ထားတဲ့ ခေါက်ဆွဲကြော် ပါတဲ့ ကျွတ်ကျွတ်အိတ်ကို ဆွဲလို့ သူနေတဲ့ ဝေဘာကီလမ်းသွယ်လေးထဲကို ဒယိမ်းဒယိုင် ခြေလှမ်းတွေနဲ့ လှမ်းဝင်လိုက်တဲ့ အချိန် လမ်းထိပ်ကင်းတဲမှာ ထိုင်နေတဲ့ ဘယ်ကျော်ဆိုတဲ့ အသက် ၁၅နှစ်ခန့် ကောင်လေးက " ဦးဘိုကြီး....နောက်ကျလိုက်တာ..မသိန်းညွန့်ဆိုင် ကို ဝင်ခဲ့ပြီနဲ့ တူတယ်..." လို့ လှမ်းအော်ပြောလိုက်သည် ။ မသိန်းညွန့်ဆိုင် ဆိုတာက သူတို့နေတဲ့ အပိုင်းက အရက်နဲ့ အစားအသောက် ရောင်းတဲ့ ဆိုင် ။ ဦးဘိုဘိုအောင်က " ဟားဟား....တော်တော်လည်း ခန့်မှန်းတာ တော်တဲ့ ချာတိတ်....ဟီး....မှန်တာပေါ့ကွာ...."လို့ ပြန်အော်ပြောရင်း သူ့အိမ်ရှိတဲ့ လမ်းရဲ့ အဆုံးအစွန်ဖက်ကို ဆက်လျှောက်သွားလိုက်သည် ။ အမှန်က ဒီနေ့ည ဦးဘိုဘိုအောင် စက်ရုံမှာ အိုဗာတိုင် ဆင်းရမှာ ။ အိမ်က မိန်းမကို ဒီည ထမင်းစား မစောင့်နဲ့..ငါ အိုဗာတိုင်ဆင်းမှာ မနက်မှ ပြန်ခဲ့မယ်..လို့ မှာခဲ့ပြီး စက်ရုံရောက်တော့ အာမက်ဆိုတဲ့ကောင်က သူငွေလိုနေလို့ အိုဗာတိုင်ကို သူလုပ်ပါရစေလို့ အထပ်ထပ် တောင်းလို့ သူ့အိုဗာတိုင်ကို အဲ့ကောင်ကို ပေးလိုက်ပြီး သူက စိုးကျော်ဆန်းတို့အုပ်စုနဲ...

စပွန်ဆာအန်တီကြီး Part-1

 

ဆရာကောင်း တပည့် Part 1

     

နှလုံးသားတည့်တည့်ကို Part 1

 

ရမက်ပြင်းပြင်း Part-1

 

အိမ်ဖော်မလေး Part 2

 

ရမက်ပြင်းပြင်း Part-2

 

အိမ်ဖော်မလေး Part 3

 

နှလုံးသားတည့်တည့်ကို Part 2