မူမူလို့ ထင်ရတဲ့ မိန်းမ နဲ့စူးမ လို့ ထင်ရတဲ့ မိန်းမ က အပြင်လဲ မထွက်..ပြူတင်းပေါက် တွေ ကလဲ အမြဲ ပိတ်ထားတာကြောင့် ရဲလွန်း မမြင်ရ ဘဲ အပြင်ကို စားစရာ ထွက်ဝယ်တဲ့ ယောကျင်္ား ကိုဘဲ တွေ့ရ သည် ..။ အနီးကပ်ဆွဲယူသည့် ဇွန်းတပ် ကင်မရာ နဲ့ ဒီလူရဲ့ မျက်နှာကို အမိအရ ရိုက်ယူပြီး ဌာနချုပ်ကို ပို့ သည် ..။ ဌာနချုပ် က ပြန်လာမဲ့ အဖြေကို စောင့်နေ သည် ။
သည်လို အလုပ်က လူလဲ နဲ့ လုပ်ရမှာ ဖြစ်လို့ ဌာနချုပ်က လူအမြန်လွှတ်ပေးမည် လို့ ပြော သည် ..။ ရဲလွန်း သည်
အပြင်လဲ ထွက်လို့မရ..သူဒီအိမ်လေးထဲ ရှိနေတာလဲ တဖက်က မသိစေချင်တာကြောင့် စိန်ကြိုင်က အစားအသောက်
လာပို့ပေးမယ် ပြောပေမဲ့ စောစောထဲက ယူလာသော ပဲပေါင်မုန့်များ နဲ့ ရေသန့်ပုလင်းများ နဲ့ဘဲ နေနေ သည် ..။
မကြာခင် ဌာနချုပ် က အကြောင်းပြန် သည် ..။ အပြင်ကို စားစရာ ထွက် ဝယ်နေသူ ဟာ မူမူ နဲ့ ကြိုက်ဘူးတဲ့ ရဲအုပ်
ဖြစ်ဘူးတဲ့ ဟန်ထူးမောင် ဆိုတာ ..။ ဒါကို သိတာနဲ့ ရဲလွန်းအတွက် အဖေါ်ဘက်ကပ် ပို့ပေးလေ သည် ..။ ရန်ကုန်
သို့မဟုတ် မန္တလေး က ပို့တာ မဟုတ် ..။ ဒီမြို့လေးနား ကို တာဝန် နဲ့ ရောက်နေတဲ့ သူတို့ဆီက ဝန်ထမ်းတယောက် ကို ပို့တာ ..။ မူမူ ဖြစ်ဖို့ သေချာနေပြီမို့ မူမူ ့ကို အပြတ်ရှင်းဖို့ အမိန့်ရပြီးသားမို့ရဲလွန်းဆီကို
လွှတ်လိုက်တဲ့ ဘက်ကပ်အကူ သည် အဝေးမှ မှန်ပြောင်းရိုင်ဖယ် နဲ့ ပစ်ခတ်ရှင်းလင်းနိုင်သော စနိုက်ပါ လက်ဖြောင့်
သေနတ်သမား တယောက် ဖြစ်သည် လို့ ဌာနချုပ် က သူ့ဆီ အကြောင်းကြားသည် ..။
ညဘက် မှောင်မဲနေတဲ့ အချိန် သူ့ဆီ ဘက်ကပ် ဆိုတဲ့ ထောက်လှမ်းရေးသမား ရောက်လာသည် ..။ ရဲလွန်း သည်
သူ့ဆီ ရောက်လာတဲ့ ဘက်ကပ် ကို မြင်မြင်ချင်း အံ့ဩလွန်းလို့ပါးစပ် အဟောင်းသား နဲ့ ဖြစ်နေ သည် ..။
အိပ်မက်မက်နေတာများလား ..။
သူ အလွန်သဘောကျနေသော ခပ်မိုက်မိုက် ခပ်လန်းလန်း ကောင်မလေး ယမုံ ..။
ယမုံလင်း ..။
ကိုကျွဲ က သူတို့ ယူနစ်က နဂျစ်တူး လို့ ခေါ်တယ်လို့ ပြောတဲ့ ဆော်လေး ..။
ယမုံလင်း က လက်ဖြောင့်စနိုက်ပါ သေနတ်သမား တယောက် ဆိုတာ သူ သိ သည် ..။ အထူးစစ်ဆင်ရေး ဆွပ် အဖွဲ့
က..။ ယမုံလင်းကလဲ သူ့ကို မှတ်မိ သည် ..။" အော် ..ခင်ဗျား..ကိုး .."
လို့ တိုးတိုးလေး ရေရွတ် သည် ..။ ယမုံလင်း သည် အနက်ရောင် တီရှပ်လက်ရှည်..အနက်ရောင် အသားကပ်ဘောင်းဘီ နဲ့ လဲ ကြီးမားရှည်လျားတဲ့ ရိုင်ဖယ်ဘူးကြီး နဲ့ ..။
ရဲလွန်း က အကျိုးအကြောင်း ရှင်းပြတော့ ဌာနချုပ် က ပို့ပေးတဲ့ဇာတ်ကြောင်း အစုံအလင်..သူ့ဖုန်းမှာ လမ်းမှာတုံး
က ရလို့ ဖတ်ခဲ့ပြီးကြောင်း ပြော သည် ..။
သူမ သေနတ်ကို တပ်ဆင်ပြီးတဖက် က အိမ်ကြီး ဆီကို နှစ်ချောင်းထောက် ဒေါက် နဲ့ ချိန်ရွယ် နေရာယူကြည့်နေ
သည် ..။ အင်မတန် လှတဲ့ ကောင်မချောလေး နဲ့ အိမ်လေးတလုံးထဲ ရောက်နေရတာ အရင်လဲ ဒါမျိုးတွေ မိန်းမ
ဝန်ထမ်းတွေ နဲ့ တွဲလုပ်ဖူးလို့ မဆန်းလှပေမဲ့ ဒီလို အချောစား အတောင့်စားလေး နဲ့ မကြုံဘူးသေးဘူး..။
ယမုံလင်း သည် ကြမ်းပြင်မှာ မှောက်လိုက် ကုန်းလိုက် နဲ့ ရိုင်ဖယ်သေနတ် ကို ပြင်ဆင်နေရာ အသားကပ်ဘောင်းဘီ ဝတ်ထားလို့ သူမ ရဲ့ စွင့်ကားတဲ့ တင်သားစိုင်တွေ ကို ရဲလွန်းကို ပြသနေသလိုဘဲ ..။ ဝှူး ...မိန်းမ နဲ့ ကင်းဝေးနေတာ ကြာနေပြီ ဖြစ်တဲ့ ဖွားဖက်တော် က တင်းကနဲ ထလာ သည် ..။ ယမုံ့ တင်ပါးတွေက ဝိုင်းကားလွန်းလို့..။
ဟင်း ...မလွယ်ပါလား ..။ ယမုံ နဲ့ အစားအသောက်တွေ ပါလာလို့ ငတ်နေတဲ့ ရဲလွန်း ..စားရသောက်ရ သည် ..။
မနက်လင်းတော့ ဌာနချုပ် က ကိုကျွဲ နဲ့ အဆက်အသွယ် ရ သည် ..။ ဒီတော့မှ ယမုံလင်း ကို ရွေးပြီး သူ့ဆီ ပို့လိုက်
တာ ကိုကျွဲ ရဲ့ လက်ချက် ဖြစ်နေမှန်း သိရ သည် ..။
ကိုကျွဲက တဟဲဟဲ ရယ်နေ သည် ..။ တဇောက်ကန်း အတွက် နဂျစ်တူး ကို ပို့လိုက်တာ..ဟဲဟဲ....တဲ့ . .။
မူမူ သည် စူးမ ကို စဖမ်းလာထဲက ပင်စီတို့ရဲ့ ဘော့စ် ဘယ်သူလဲ ဆိုတာ ညှင်းပမ်းပြီး စစ်မေးခဲ့ သည် ..။ စူးမ ဆီက
ဒီ ဘော့စ်ဆိုတာ .လူကြီးလူကောင်း အရေခြုံထားတဲ့ ဦးဒေဝမင်းထက်ဆိုတာ သိလိုက်ရတော့ မူမူ သည် ဦးဒေဝမင်း
ထက်ကိုပါ လက်စားခြေ မဲ့ စာရင်းထဲ ထည့်ထား သည် ..။ သူ့ဌာနမှသူ ချစ်ခင်လေးစားသော ထောက်လှမ်းရေး အရာရှိတချို့ကို ဦးဒေဝမင်းထက် သည် သူမ ဆူးခက် ဘဝ နဲ့ သူတို့ထဲ မဝင်ရောက်ခင် က သတ်ပစ်ခဲ့လို့ ဘဲ ..။
--------------------------------------------------------------------------------------------------------------------------------
ဦးဒေဝမင်းထက် သည် ထင်းရှူးပင်တောထဲက မြေနီလမ်းကလေး အတိုင်း လျောက်လာရင်း ပင်စီ့အကြောင်း ကို စဉ်းစားနေ သည် ..။ ပင်စီ သည် ဆူးခက် ( ခေါ် ) မူမူ ဆိုတဲ့ ကောင်မ လိုက် လက်စားခြေ လုပ်ကြံနေလို့ တအား ကြောက်နေ သည် ..။ ဒီနေ့မနက် ပင်စီ့ကို သူ့နောက် ကို လိုက်လာဖို့ခေါ်လိုက် သည် ..။ ပင်စီ နဲ့ အိပ်ရတာ အရမ်း
သဘောကျ သည် ..။ ပင်စီ ရဲ့ ဖင်တောင့်တောင့်တွေကို သူမြင်ရတာနဲ့ စိတ်လာ သည် ..။ အခု ကလောမြို့ မှာ သူ
အေးအေးဆေးဆေး လာ အနားယူနေတုံး မိန်းမ နဲ့ အိပ်ချင်စိတ်တွေ တအား ဖြစ်ပေါ်လာမိလို့ ပင်စီ့ကို ကလောကို
လိုက်လာဖို့ ခေါ်လိုက် သည် ..။
ပိတစ် ပိတစ် ပိတစ် ..သူ့ခါးမှာ ချိတ်ထားတဲ့ ဖုန်း မြည်လာ သည် ..။
ဟင်..ဇီးရိုးဒါးတီး အမည်ဝှက် ပိုင်ရှင် ..စူးမ ..။
" ပြော ..."
" ဦးဦး..တွေ့ချင်တယ် ဆို ..."
" အင်း ..အခု ဘယ်မှာလဲ..."
" ဦးဦး စူးမ ကို တွေ့ချင်လား . .စူးမ တောင်စခန်းမြို့မှာ .."
"တွေ့ချင်တာပေါ့ ...လာခဲ့မယ်..ဘယ်ကို လာရမလဲ ပြောလေ .."
" ဦးဦး က ဘယ်မှာလဲ .."
" ကလော မှာ ..."
" လာခဲ့မယ် ..ဘယ်ကို လာခဲ့ရမလဲ ပြော . ."
ညုတုတု နဲ့ စူးမ အသံလေး က ရာဂစိတ် ကို နိုးကြွစေ တာ အမှန်..။
ဦးဒေဝမင်းထက် က စူးမ ကလော ရောက်ရင် ထပ်ခေါ်လိုက်လေ ..တွေ့ကြတာပေါ့ .." လို့ ပြော သည် ..။
ဦးဒေဝမင်းထက် သည် စီးပွားရေးသမားကြီး အရေခြုံထားသူမို့ သူနဲ့အတူ တပည့် နှစ်ယောက် ဘဲ အတူတူ ခေါ်
ထား သည် ..။ တပည့် ဂိုဏ်းသားတွေ တပုံကြီး ရှိနေပေမဲ့ သူ့ကို ကာကွယ်စောင့်ရှောက်နေကြပါက ..သူ ဘယ်သူလဲ ဆိုတာ ရိပ်မိသွားနိုင်တာကြောင့် မထင်မရှား ဘဲ သူ့ကို စောင့်ရှောက်ခိုင်းထား သည် ..။
ရဲလွန်း သည် ယမုံ နဲ့ နီးနီးကပ်ကပ်နေရတာ စိတ် အတော် လှုပ်ရှားနေ သည် ..။ တောင့်တင်း ပြီး ဒီဇိုင်းက လဲ မိုက်
နေတဲ့ ယမုံနဲ့ အရမ်း ပူးပူးကပ်ကပ် နေနေရတာ ယမုံ့ကို ဆွဲပြီး ကြမ်းပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်နေ သည် ။ သူတို့
နှစ်ယောက် သည် အိမ်ကြီး ရဲ့ အရှေ့ဖက် ကအိမ်ကလေး ကနေ စောင့်ကြည့်နေကြတာ ဖြစ် သည် ..။ အိမ်ကြီး ရဲ့ အနောက်ဘက် မှာက ကျောက်တောင်ကြီး ခံနေ သည် ..။ အနောက်ဘက် က ထွက်သွားဖို့က လုံးဝ မလွယ် ..။ မနေ့ည က တယောက်တလဲ မအိပ်ဘဲ စောင့် သည် ..။ ဒီမနက် ခါတိုင်းလို ဟန်ထူးမောင် ဆိုတဲ့ မူမူ့ရီးစား အပြင်
ကို စားစရာ ထွက် မဝယ် ..။ အိမ်ကြီးတခုလုံး တိတ်ဆိတ် နေ သည် ..။ လှုပ်ရှားမှု လုံးဝ မရှိ ..။
ယမုံ သည် ကြာတော့ ပျင်းလာပုံရ သည် ..။ ရဲလွန်းကို ကောလိပ်ကျောင်း တုံးက အကြောင်းများ..ထောက်လှမ်းရေး သင်တန်းများ အကြောင်း..စကားတွေ လာပြော သည် ..။ သူမရဲ့ ပြောပုံဆိုပုံ ဟန်ပန် အမူအရာတွေ က သူကြည့်ဘူးတဲ့ မြန်မာဗီဒီယို ထဲက မင်းသမီးလေး တယောက်လိုဘဲ ..။ ရဲလွန်းကို လဲ ရီ
ဖြဲဖြဲ နဲ့ အကို့မှာ ရီးစား ရှိလား ..လို့ မေးသည် ..။ ရဲလွန်းလဲ မရှိဘူး လို့ ဖြေပြီး ယမုံ့မှာကော ရီးစား ရှိလား လို့ ပြန်
မေးချင်ပေမဲ့ ယမုံ က ရှိတယ် လို့ ပြန်ဖြေလိုက်မှာကို သူ မကြားချင်ဘူး..ကြားဖို့ ခွန်အား မရှိဘူး ဖြစ်နေလို့ အဲဒီ မေး
ခွန်းကို သူ မမေးဖြစ်ဘူး . .။ " အကို ..ယမုံတော့..စိတ်မရှည်တော့ဘူး ..ရှင်းပစ်ရမဲ့ ပစ်မှတ် သေချာနေပြီဘဲ..ဝင်နှိပ်
ပစ်လိုက်ချင်တော့တာဘဲ .."
" အင်း ..ဌာနချုပ် က အာဏာကုန် လွှဲပြီးပြီဘဲ..တခုဘဲ..မူမူ က သူ့ကိုယ်သူ သေလူ အဖြစ်သဘောထားပြီး..ကြမ်းနေ
တာ..အကိုက လဲ တဇောက်ကန်း လို့ နံမည်တောင် တွင်နေတာ..ဝင်ဝုန်းပစ်လိုက်ဖို့ ဝန်မလေးဘူး ..ယမုံ့ကိုတော့
မလုပ်စေချင်ဘူး ..ဒီလို လုပ်မလား ..ကိုယ် ဝင်ဆော်မယ် ..ယမုံက ဘက်ကပ် လုပ်ပေး..လိုရင် ဝင်ပစ်ပေးပေါ့ .."
" အိုး ..ဖိုက်မဲ့ဖိုက်တော့ အတူတူ ဝင်ဖိုက်ကြမှာပေါ့ ..ယမုံလဲ မကြောက်ဘူး..ချရဲတယ် .."
နေ့လည်ခင်း အထိ တုတ်တုတ် မလှုပ် ..။ ဟိုငနာလဲ အစား ထွက်မဝယ် ..။ တခုခု ဘဲ..။ လစ်သွားပြီလား မသိဘူး ..။
" ယမုံ..ဒီကောင်မ က ဒို့လိုဘဲ ..ဒို့ဌာနဝင် တယောက် ဘဲ ဆိုတာ မမေ့နဲ့ ..ဉာဏ်များပြီ ထင်တာဘဲ ..ကဲ ..ကိုယ်
သွားကြည့်မယ် .."
" ယမုံလဲ လိုက်မယ် ..."
" မလိုက်နဲ့ ..ကိုယ် တယောက်ထဲ ဝင်မယ် .."
"နိုး..နိုး..ယမုံပါ ဝင်မယ် .."
" အင်း.. ဒါဆိုလဲ ယမုံ..ကျည်ကာ ဝတ် .."
ရဲလွန်း နဲ့ ယမုံလင်း ..အမ်ဖိုး ချေမှုန်းရေးရိုင်ဖယ်များ ကိုယ်စီ နဲ့ မူမူတို့ ရှိနေတဲ့ အိမ်ကြီး ထဲကို ဝင် သည် ..။
အသေအကြေ ဆော်ကြ ပစ်ခတ်ကြရပြီ လို့ ထင်ထားတာ..အိမ်ကြီးထဲမှာ သူတို့ မရှိတော့ ..။ မူမူ နဲ့ ဟန်ထူးမောင်
သည် သူတို့ ထင်ထားတာထက်တောင် လျင်နေပါလား ..။
တောက် နှပ်ပစ်ခံရတယ် ဆိုတာ ဒါမျိုးပေါ့..။
သူ ဌာနချုပ်ကို ဘယ်လို သတင်းပို့ရမလဲ ဆိုတာ မသိတော့ ..။ ဘယ်လို လစ်ထွက်သွားသလဲ မသိဘူး ..။
ယမုံလဲ..."အိုး..ရှစ်..အိုးရှစ် .." နဲ့ ဆဲနေ သည် ...။ ဘေ့စ်ဘောလ်ဦးထုပ်လေး နောက်ပြန်ဆောင်းပြီး နေကာမျက်မှန်
အနက် နဲ့ ယမုံ သည် မြန်မာရက်ပါ ကောင်မလေး ဘော်ဘီဆော့ဆာ နဲ့တောင် တူချင် သည် ..။
" ကိုရဲလွန်း ..ယမုံတို့ သူတို့ကို လိုက်ရှာရအောင် .."
" အင်း..အကို သူတို့ ဘယ်မှာ ရှိမလဲ ခန့်မှန်းနိုင်တယ် ..လိုက်စို့ ..."
ရဲလွန်း ကားကို ဒလကြမ်း မောင်းထွက် သည် ..။ မူမူ မုဒိန်းကျင့်ခံခဲ့ရသော မြို့စွန် က တိုက်ဟောင်းကြီး ဆီ ကို
ဦးတည်လိုက် သည် ..။ ယမုံလင်း သည် အမ်ဖိုးသေနတ် ကို အသင့်အနေအထား နဲ့ ကိုင်ရင်း သူ့ဘေးမှာ ပါလာ
သည် ..။
ဦးဒေဝမင်းထက် သည် စိမ်းစိုသော မြက်ခင်းပြင်ကြီး မှာ မြက်စားနေကြသော မြင်းသုံးကောင် ကို ငေးကြည့်နေ သည် ။ မလှမ်းမကမ်း မှာ ရပ်ထားတဲ့ သူစီးလာသော တိုယိုတာလင်းကရူဆာကားကြီး ဆီမှ ပင်စီ သူ့ဆီကို လျောက်လာနေ
သည် ..။ ပင်စီ ရဲ့ လက်ထဲမှာ မတ်ခွက်နှစ်ခွက် ကိုင်လာ သည် ..။
" ဘော့စ် ..စူးမ က ဘယ်တော့ လာမှာလဲ ..."
" အချိန်မရွေး ရောက်လာနိုင်တယ် ..ပင်စီ သေနတ် ..ရယ်ဒီ ဘဲနော် .."
" ဟုတ်..ဘော့စ် ..မြတ်ထိန်လင်း နဲ့ ဝေမိုး ကိုလဲ မြင်းဇောင်းထဲကနေ စနိုက်ပါရိုင်ဖယ်တွေ နဲ့ ထားထားတယ် .."
ပင်စီ က ဆွယ်တာ အောက်မှာ ထိုးထားတဲ့ သေနတ် ကို ပုတ်ပြ သည် ..။
ဦးဒေဝမင်းထက် လဲ သူ့ဘောင်းဘီ ညာဘက်အိတ်ထဲက ပစ္စတိုသေနတ် ကို စမ်းလိုက် သည် ..။ စူးမ လာမည် ကို
စိတ်ထဲ ထင့်နေ သည် ..။ တခုခု ဖြစ်မည် လို့ ထင်နေ သည် ..။
"အိုကေ လေ ..စူးမ ဖေါက်လွဲဖေါက်ပြန် လုပ်ခဲ့ရင် ရှင်းပစ်လိုက်..ကြားလား..."
" ဟုတ်..ဘော့စ် .."
ပင်စီ ကမ်းပေးတဲ့ ကော်ဖီမတ်ခွက် ကို လှမ်းယူလိုက် သည် ..။ မွှေးပျံ့သော ကော်ဖီ အနံ့ ရနေ သည် ..။ အငွေ့
ထနေသော ကော်ဖီ ကို သောက်နေတုံး ခပ်ဝေးဝေး က ကားတစီး လာနေတာ တွေ့ရ သည် ..။ ပင်စီ က သူတို့ဘေးက သစ်ပင်မှာ ချိတ်ထားတဲ့ စစ်သုံးမှန်ပြောင်း ကို ဖြုတ်ယူပြီး လာနေတဲ့ ကားကို ကြည့် သည် ..။
တိုယိုတာ ပတ်ဗလစ်ကာ ကားဟောင်းလေး ..။ ဖုံတလုံးလုံး ထနေ သည် ..။
" ဘော့စ် ..စူးမ တယောက်ထဲ မဟုတ်ဘူး ..အဖေါ်ပါတယ် .."
"တောက်..တယောက်ထဲ လာဖို့ မှာထားတာ ..ဘာကြောင့် အဖေါ်ခေါ်လာပါလိမ့် ..ပင်စီ..ငါ့မျက်နှာ ကို လူစိမ်း မ
တွေ့စေချင်ဘူး...."
"ဒါဆိုလဲ ဘော့စ် ကားထဲ ထိုင်နေမလား .."
" ကောင်းသားဘဲ .."
ပတ်ဗလစ်ကာကားလေး သူတို့ ဆီ ရောက်ရှိလာသောအခါ ဦးဒေဝမင်းထက် သည် မှန်အမဲ နဲ့ လင်းကရူဆာကား
ကြီးထဲ ထိုင်နေပြီ ..။ ကားပေါ်က စူးမ ဆင်းလာ သည် ..။ " ဦးဦးကော..ကားထဲမှာ လား .."
" မင်း ဘာကြောင့် အဖေါ်ခေါ်လာသလဲ..ဇီးရိုးဒဲတီး .."
" သူက စူးမ အကို..စိတ်ချရပါတယ် ..."
" မင်း လက်နက် ပါလား .."
" မပါဘူး .."
" ကြည့်မယ်နော် ..."
" ကြည့် ..."
ပင်စီ က စူးမ ကိုယ်တွေကို ပွတ်သပ်ပြီး လက်နက်ရှာ သည် ..။
" သွားနိုင်ပြီ ..."
စူးမ လင်းကရူဆာကားကြီး ဆီကို လျောက်သွား သည် ..။ တံခါးကို ဆွဲဖွင့်လိုက်တော့..ဒရိုင်ဘာထိုင်ခုံမှာ ဦးဒေဝမင်း
ထက် ရှိနေ သည် ..။ စူးမ ဝင်ထိုင်လိုက်တော့.." ဘာလို့ လူပို ပါလာတာလဲ.." လို့ အပြစ်တင်သံ နဲ့ မေး သည် ..။
" စူးမ အကိုပါ ..စိတ်ချပါ .."
" စူးမ ..မင်း ဘာကြောင့်ငါနဲ့ လာတွေ့တာလဲ..ငွေလိုချင်လို့လား .."
" ဟင့်အင်း..ဦးဦးကဘဲ တွေ့ချင်သေးတယ် ဆို ..ဒါကြောင့် လာခဲ့တာလေ ..ဟိုဟာ က ဦးဦး ဆော်ကြီးလား .."
" ဘယ်သူလဲ ပင်စီလား .."
" အင်း..သူ့ကြည့်ရတာ ဦးဦး အတွက်ဆို အသက်ပေးမဲ့ ပုံဘဲ..ခစ်ခစ်ခစ် ..."
" အင်း ...အိပ်ရာထဲမှာ လဲ အပေးကောင်းတယ် .."
" အိုး..ဟတ်လား ..တယ်ဟုတ်ပါလား..ဦးဦး ..စိတ်ဝင်စားသွားပြီ ..."
" စူးမ ဒီမှာ နေခဲ့မှာ လား ..ဒါဆို ကားပြန်လွှတ်လိုက်လေ .."
" ဟုတ်ပြီ .."
စူးမ ကားပေါ်က ဆင်းပြီး ပတ်ဗလစ်ကာထဲက လူကို .." အကို..ပြန်လိုက်တော့နော..စူးမ နေခဲ့လိုက်မယ် .." လို့ လှမ်း
ပြော သည် ..။ ပင်စီ သည် မိုက်ဂိုက် နဲ့ ကြည့်နေ သည် ..။ ပတ်ဗလစ်ကာကား ဝေါကနဲ မောင်းထွက်သွား သည် ..။
စူးမ သည် ဦးဒေဝမင်းထက် ..ပင်စီ နဲ့ လိုက်ပါသွား သည် ..။
မူမူ သည် ဝေးကွာသော တောင်ကုန်းတခုပေါ်မှ မှန်ပြောင်း နဲ့ ကြည့်နေ သည် ..။ စူးမ ကိုယ်ထဲမှာ အသံလွှင့်စက်
လေး ထည့်ပေးလိုက် သည် ..။ စူးမ ..ဦးဒေဝမင်းထက်..ပင်စီတို့ စကားပြောနေတာတွေ အားလုံး ကို မူမူ ကြားနေရ
သည် ..။
ရဲလွန်း နဲ့ ယမုံလင်း..မူမူ မုဒိန်းကျင့်ခံခဲ့ရတဲ့ တိုက်အဟောင်းကြီး ဆီကို ရောက်လာပြီ ..။
သူတို့ တိုက်ကြီးထဲ ကို ဝင် သည် ..။ ဒီမှာ လဲ ရဲလွန်း နဲ့ ယမုံလင်း ..မူမူတို့ စုံတွဲနဲ့ ရေရေလည်လည် ဖိုက်ကြပြီ လို့
တွက်ထားတာ ..ဘယ်သူမှ အထဲမှာ ရှိမနေ ..။ တောက် ..မူမူတော့ လှည့်စားသွားပြီ ..။
"ယမုံရေ ..ဒို့နှစ်ယောက်တော့ ထုချေလွှာ အတောင်းခံရတော့မယ် ထင်တယ် ..အရေးကြီးတဲ့ ကောင်တွေ လွတ်
သွားလို့ . . ."
ကျောက်တုံးမီးခိုးရောင်တွေ နဲ့ ဆောက်ထားသော တိုက်ကြီးတလုံး ကို စူးမ ပါသွား သည် ..။ ဦးဒေဝမင်းထက် တွင် ပင်စီ အပြင် တပည့်နှစ်ယောက် ဘဲ ပါလို့ စူးမ အံ့ဩနေ သည် ..။ " ဦးဦး က ဧရာမ ခေါင်းဆောင်ကြီး တယောက် ဆိုတော့ တပည့် လက်သားတွေ အများကြီး နဲ့ နေမှာဘဲ လို့ ထင်ထားတာ ..ပင်စီ့အပြင် နှစ်ယောက်ထဲ ရှိပါလား..ခိခိခိ...." စူးမ က တခိခိ နဲ့ ရယ်မောရင်း ပြောလိုက် သည် ..။ မူမူ ကြားစေရန် ဦးဒေဝမင်းထက် မှာ လူ ဘယ်
နှစ်ယောက် ရှိနေသလဲ ဆိုတာ ပြောပြလိုက်တဲ့ သဘောပါဘဲ . . ။
တိုက်ကြီး သည် အပြင်ဘန်း ကြည့်ရတာ ခန်းနားထယ်ဝါသလိုဘဲ အထဲမှာလဲ သန့်ရှင်းသားနားလှတာ စူးမ
တွေ့ရ သည် ..။ မူမူ က ဂိုဏ်းခေါင်းဆောင်ကြီး ကို ရအောင် လုပ်ပေးနိုင်ရင် စူးမ ကို လွှတ်ပေးမည် လို့ ပြောခဲ့သည်။
စူးမ မူမူ့စကား ကို ယုံကြည်လို့တော့ မဟုတ်ဘူး ..။ အခွင့်သာရင် စူးမ လစ်မှာဘဲ ..။